Wednesday, February 27, 2013

အန္တရာယ်ကြီးလာသည့် မြန်မာဗီဒီယို ရုပ်ရှင်

“မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။

ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား ပြောင်းကြည့်ကြပါလား” ဟု တကယ်ပင် တိုက်တွန်းလိုက်ချင်သည်။ သို့သော် ကျနော့် သြဇာမညောင်းသော မိသားစုများဖြစ်နေသဖြင့်သာ စိတ်ဆင်းရဲစွာဖြင့် ဆက်ကြည့်နေခဲ့ရပါသည်။

ဇာတ်ကား နာမည်က “ဂေါက်ချက်က ကမ်းကုန်” ဖြစ်သည်။ ပါဝင်သူ သရုပ်ဆောင် များကတော့ နာမည်ကျော်၊ နာမည်ကြီး မင်းသား ကျော်ရဲအောင် ဖြစ်သည်။ မင်းသမီးက နဝရတ်။ ဇာတ်ပို့ အဖြစ် အဓိက ပါဝင်သူများက ခင်လှိုင်နှင့် ကစ်ကစ်တို့ ဖြစ်သည်။ ဇာတ်လမ်းက မည်မည်ရရ သိပ်မရှိ။ ကျော်ရဲအောင်က အူကြောင်ကြောင် သမား၊ ဆိုင်းဘုတ်ရေး ဆရာ။ နဝရတ်ကလည်း ဂေါက်တိ ဂေါက်ကြောင် ရှပ်ပြာမ။ သူတို့နှစ်ယောက် တွေ့ဆုံ ချစ်ကြိုက်ပြီး ညားကြသည့် ဇာတ်မျှသာ ဖြစ်သည်။ ဇာတ်လမ်း တခုလုံးမှာ သုံးစွဲသွားသော စကားလုံးများနှင့် ခင်းကျင်း ပြသသွားသော ဇာတ်ကွက် တော်တော် များများသည် ညစ်ညမ်းသော ဟာသများသာ ဖြစ်နေသည်။

ဇာတ်လမ်း အစတွင် ဗေဒင်လည်းဟောပြီး ၉၆ ပါးရောဂါလည်း ကုသူ ခင်လှိုင့်ထံကို အမျိုးသမီးတယောက် ဗေဒင်လာမေးသည်။

“ကျမ ယောက်ျား မလာတော့ဘူး ဆရာ၊ ကျမမှာ ညညဆို အိပ်ရေးတွေလည်း ပျက်ပါတယ်၊ သူလာအောင် ဘယ်လိုလုပ်လုပ် မလာတော့ဘူး” ဟု ပြောရာ ခင်လှိုင်က မျက်စိမျက်နှာပျက်လျက် “ဒါဆို ဒီဆေးကိုသွေးပြီးတိုက်လိုက်၊ လာကို လာစေရမယ်” ဟု ပြန်ပြောပါသည်။ ထိုအခါ ထိုအမျိုးသမီးက “ဟာ၊ ဆရာကလည်း သူမှ အိမ်ပြန်မလာတာ။ ဘယ်လိုလုပ် ဆေးတိုက်မှာလဲ” ဟု ပြန်ပြောတော့မှ “သြော် ... အိမ်ပြန်မလာတာကို ပြောတာလား၊ ရှင်းရှင်းပြောလေ၊ ဆရာက နည်းနည်းမှားသွားတယ်” စသဖြင့် ပြန်ပြောပုံကို ပြပါသည်။ သူတို့ သုံးနှုန်းသွားသော စကားများနှင့် သူတို့သရုပ်ဆောင်ပုံများမှာ ဇာတ်လမ်းနှင့်လည်း ဘာမှ ဆိုင်သည် မဟုတ်ပါ။ ဒီစကားများ ဒီပြကွက်များကို ဘာကြောင့် မကြာခဏ ထည့်သွင်း ရိုက်ကူးနေကြပါသနည်း။

နောက်ထပ် ထိုကားထဲမှ ဥပမာများကို ပေးရဦးမည်ဆိုလျှင် ကျော်ရဲအောင်၏ အိမ်တွင် ခင်လှိုင်နှင့် ကစ်ကစ်တို့ လင်မယားက ကပ်လျက် နေထိုင်ကြသူများဖြစ်သည်။ အစကတော့ အဖီတဲလေး၊ ထို့နောက် အိမ်ရှေ့ကပြင်၊ ထို့နောက် အိမ်ခန်းကိုပါ တဖြည်းဖြည်း သိမ်းပိုက်ကြပုံများကို “မင်းတို့ လင်မယားက ကြမ်းတိုက်မယ် ကြမ်းတိုက်မယ်နဲ့ ငါ့အိမ်တအိမ်လုံး မောင်ပိုင် စီးတော့ မှာပဲ” ဟူသော စကားဖြင့် ပြောဆိုပါသည်။ ကျနော့်တူမလေးက “ကြမ်းတိုက်တယ် ဆိုတာဘာတုန်း” ဟု ပြန်မေး သောအခါ ကျနော်တို့ ညီအစ်ကိုများ ဘယ်နား မျက်နှာထားရမည် မသိကြ။ ကျနော့် အစ်မကတော့ တကယ်ပင် ရိုးရိုးတွေးသူမို့ “ကြမ်းတိုက် တယ်ဆိုတာ ကြမ်းတိုက်တာပေါ့ဟဲ့၊ ကြမ်းတိုက်ပေးမယ်ဆိုပြီး အိမ်ကို သူတို့ချည်းနေတာကို ပြောတာလေ” ဟု ရှင်းပြ ရှာပါသည်။ ကလေးများပင် စကားတိုင်းကို အထာကောက်ယူတွေးတောကြရမည်မှန်း သိနေကြသည်မှာ မကောင်းသည့် အလားအလာဟု ကျနော်ကတော့ ထင်မြင်မိပါသည်။

ထိုထက်ဆိုးသည့် ပြကွက်များ၊ ထိုထက်ဆိုးသည့် ဒိုင်ယာလော့များ ရှိပါသေးသည်။ ထို့ပြင် ကျနော်က ဒီဇာတ်လမ်း တခုတည်းကို ကြည့်ပြီးပြောခြင်း မဟုတ်ပါ။ ထိုသို့သော မြန်မာ ရုပ်ရှင်ဇာတ်ကားမျိုး၊ ထိုထက်ဆိုးသော ဇာတ်ကားမျိုး တွေလည်း ရှိနေသေးသည်။

“အီးတီ ဖူးစာ” ဆိုသော စင်တင်ပြဇာတ်ကို ဗီဒီယို အဖြစ် ကျနော် မတော်တဆ ကြည့်မိသွားသည်။ ဟာသဖြင့် စသောကြောင့် ရယ်စရာကို စိတ်ဝင်စားသဖြင့် ကြည့်မိသွားခြင်းဖြစ်သည်။ ပါဝင်သူများကလည်း နာမည်ကြီး သရုပ်ဆောင်များ။ နေတိုး၊ မင်းမော်ကွန်း၊ ပြေတည်ဦး၊ နဝရတ်၊ သဇင်၊ အရိုင်း၊ တက္ကသိုလ် ဂွမ်းပုံ အစရှိသဖြင့် ...။ သို့သော် ဇာတ်ကား တဝက်ခန့်တွင် ကျနော် ဆက်မကြည့်ချင်တော့အောင် အော်ဂလီဆန်လာသည်။ ခါးအောက် ပြက်လုံးများကို ဗုံးပေါလအော သုံးကာ ပရိသတ်ကို ကလိထိုး ရယ်ခိုင်းထားသောကြောင့် ဖြစ်သည်။

ထိုအခါ ခါးအောက်ပြက်လုံးများကို သူကိုယ်တိုင်လည်းမပြက်၊ သူ့ အဖွဲ့သားများ၊ တပည့်များကိုလည်း ပြက်ခွင့် မပေးသည့် လူရွှင်တော်ကြီး ကိုဇာဂနာကို သတိရမိပါသည်။

ယခုဆိုလျှင် မြန်မာ ရုပ်ရှင်ကားများ သည်လည်း အချစ်၊ ဟာသ ဆိုသော စကားလုံးကို တွင်တွင်သုံးကာ ညစ်ညမ်း ဟာသများဖြင့် ပရိသတ်ကို တင်ပြနေကြသည်။ ဟော့ရှော့၊ ဝါဆိုဖယောင်းတိုင်၊ မာမီရှိန်း၊ အချစ်ကလန်းတယ် စသည် စသည်ဖြင့် နာမည်ပေါင်းများစွာ ကွဲပြားထွက်လာသော်လည်း သရုပ်ဆောင်များ၊ ပြကွက်များ၊ ဒိုင်ယာလော့များကတော့ ဒီပုပ်ထဲက ဒီပဲဆိုသလိုပင် ဖြစ်နေကြသည်မှာ ရှက်စရာပင်ကောင်းပါသည်။

တရက်ကတော့ အင်မတန် ရှပ်ပြာပြာနိုင်သော “ဆက်မမကို” ဟူသည့် ကောင်မလေးနှင့် အင်မတန် တည်ငြိမ် အေးဆေး သော “ညီသုတ” ဆိုသည့် ကောင်လေးတို့ တွေ့ဆုံကြ၊ လွဲကြပုံကို ရိုက်ထားသည့် မြန်မာကား တကား ကြည့်လိုက်ရသည်။ “မဆိုးပါဘူး” ဟု မှတ်ချက်ချမိသည်။ ဇာတ်လမ်းခိုင်ခံ့ပြီး ဟာသများမှာလည်း သဘာဝကျကျ ဆွဲဆောင်နိုင်သည်ကို တွေ့ရ သည်။ စုံစမ်းကြည့်တော့မှ သိရသည်မှာ ထိုကားသည် ယခင်က မြန်မာကားဟောင်းတကားကို ပြန်လည် ရိုက်ကူး ထားခြင်း ဖြစ်သည် ဟူ၏။ သြော် ဒီလိုပါလား။ မြန်မာကားများမှာ ရှေးတုန်းကတော့ ကောင်းခဲ့ပုံပင်။

မြန်မာ ကြော်ငြာများပင်လျှင် ထိုသို့သော နှစ်ခွ အဓိပ္ပာယ်ရှိသည့် ဒိုင်ယာလော့များနှင့် ကြော်ငြာတာကို ရုပ်မြင်သံကြားတွင် မြင်ဖူးပါသည်။ ခြင်ဆေးခွေကြော်ငြာ တခုတွင် သရုပ်ဆောင်က “ကျနော်လည်း အောက်မှာ ဒါပဲထားတာပါပဲ” ဟု ပြောရာ တခြား သရုပ်ဆောင်တဦးက “ဟေ့ကောင် ဘာလဲကွ” ဟု ပြန်မေးတော့မှ “ခြေထောက် အောက်နားမှာ ဒီခြင်ဆေးပဲ ထားတာပါလို့ ပြောတာ” ဟု ပြန်ပြော ပုံဖြစ်ပါသည်။

ထိုသို့သော ဇာတ်ကားများ၊ ကြော်ငြာများကို ကလေးများ ကြည့်ရှုနေသောအခါ မည်သို့ဖြစ်လာမည်လဲ။ စဉ်းစားကြည့်လျှင် ရင်မောစရာ ကောင်းပါသည်။

နိုင်ငံခြား ရုပ်ရှင်များကို ကလေးများ မကြည့်ရ ဟု ပိတ်ပင်ကြပါသည်။ သို့သော် ထိုရုပ်ရှင်များက ကလေးများ ကြည့်သင့်၊ မကြည့်သင့်ကို Under 18၊ Under 13 စသည်ဖြင့် တရားဝင် စာတန်းများကပ်ကာ တားမြစ်လေ့ရှိကြသည်။ ယဉ်ကျေးပါသည် ဆိုသော မြန်မာရုပ်ရှင်များကသာ ကလေးများကို အတွေးမှားများ သင်ပေးနေခြင်းဖြစ်သည်။

မြန်မာစကားသည် အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။ စကားလုံးတိုင်း စကားလုံးတိုင်းသည် အဓိပ္ပာယ် တခုထက်မက ရှိနေရာ ရိုးရိုး အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား၊ ညစ်ညမ်းသော အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား ဆိုသည်ကို အမြဲ တွေးတောနေရခြင်းကပင်လျှင် ပင်ပန်းလွန်းပါသည်။

တခါတုန်းက ကျနော့်မိတ်ဆွေ၏ ၁၁ နှစ်အရွယ်သားလေးနှင့် ၉ နှစ်အရွယ်သားလေး နှစ်ယောက်မှာ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ ...၊ ပြီးပါပြီ ကိုကိုက ပြီးပြီ” ဟူသော ရန်အောင်၏ သီချင်းကို ဆိုကာ တခစ်ခစ် ရယ်မောနေကြသည်ကို ကြုံဖူး ပါသည်။ သူတို့ ဘာအတွက်ကြောင့် ရယ်နေကြသလဲဟု ကျနော်မေးသောအခါ ထို စာသား၏ တခြားအဓိပ္ပာယ်တခုကို အတွေးပေါက်ကာ ရယ်မောနေကြကြောင်း သိလိုက်ရသဖြင့် အတော်ပင် ထိတ်လန့်သွားရပါသည်။ သူတို့ကိုလည်း တခြား ကလေးတယောက်က ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ကျနော့်ကို ရှင်းပြခဲ့သည်။

ကျနော့် သဘောကတော့ ကလေးတွေသည် မြန်မာစကားတခွန်းကို ကြားလျှင် ကြားရသည့် အဓိပ္ပာယ်အတိုင်း ရိုးရှင်းစွာသာ တွေးတောစေချင်သည်။ ရိုးရှင်းစွာပဲ သိစေချင်သည်။ နောက်အဓိပ္ပာယ်တမျိုး ရှိနေသေးပါလားဟု သိနေခြင်း ကပင်လျှင်  ရင်မောစရာဖြစ်ပါသည်။

မြန်မာရုပ်ရှင်များ၊ မြန်မာအငြိမ့်များ၊ မြန်မာကြော်ငြာများသည် ကလေးတို့အတွက်ပါ ထည့်သွင်းစဉ်းစား၍ ရိုက်ကူး ဖြန့်ချိ သင့်ပါသည်။ မဖြစ်မနေ ထိုအကြောင်းအရာမျိုးကို ထည့်သွင်း ရိုက်ကူးမှရမည်ဆိုလျှင်ဖြင့် အသက် ၁၂ နှစ်အောက်ကလေးများ မကြည့်ရဟု အတိအလင်း တားမြစ်ပိတ်ပင်စေချင်ပါသည်။ ယခုတော့ဖြင့် ကလေးများ ကြည့်နေကြသော မြန်မာဇာတ်ကားများမှာ ဒိုင်ယာလော့များကလည်း အတွေးပွားစရာ၊ သရုပ်ဆောင်ပုံများကလည်း စိတ်ညစ်စရာ၊ ပြကွက်များကလည်း မကြည့်ဝံ့စရာ။

မြန်မာရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများ စဉ်းစားပေးစေ ချင်ပါသည် ခင်ဗျား။

နန်းဆုရတီစိုး လုပ်ဇာတ်ထွင်မှု ရဲချုပ် ဒေါသထွက်

နန်းဆုရတီ စိုး ၏ နာမည်ကြီးရအောင် လုပ်ဇာတ်ထွင်ခြင်း ကို ရဲချုပ် ခင်ရီ က
အလွန် အမင်းဒေါသထွက်နေကြောင်း
ကြားသိရသည်။ သူမ ပျောက်ဆုံးသည် ဆို၍ မိခင် ဖြစ်သူ ကိုယ်တိုင်
လာရောက်တိုင်ကြား စဉ်က မြန်မာ နိုင်ငံ
ရဲချုပ်မှာ သူကိုယ်တိုင် တိုင်း နှင့် ပြည်နယ် ရဲမှုးများ ဆီ သို့ အကြောင်း
ကြားပေးပြီး အင်းစိန် CID စုံထောက် ဌာန
သို့ ပင် တာဝန်ပေးခဲ့သည် ဟု သတင်းရရှိသည်။



မိခင် ဖြစ်သူ ကိုယ်တိုင် သမီးဖြစ်သူ နန်းဆုရတီစိုး ပျောက်ဆုံး
နေသည် ဆို၍ အမှုဖွင့် တိုင်ကြားထားသည့် နန်းဆုရတီစိုး
အား မြန်မာ နိုင်ရဲတပ်ဖွဲ့ မှ ခေါ် ဒဂုံ မြို့ နယ် ရဲစခန်း တွင်
ခေါ်ယူစစ်ဆေးမေးမြန်းနေသည် ဟု သတင်းရရှိသည်။

ထိုသို့ ခေါ်ယူ စစ်ဆေးမေးမြန်း ခြင်းမှာ အမှုဖွင့်တိုင်ကြား
ထားခြင်း အတွက် လုပ်ထုံးလုပ်နည်း အရလုပ်ခြင်းဖြစ်သည် ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦး ကပြောသည်။
“သူ့ ကို ပျောက်လို့ တိုင်ထားတယ် နောက် ပြန်ရောက်လာတယ်။
ဒီမှာ ကျွန်တော်တို့ အနေနဲ့ တာဝန်ရှိတာက ဥပမာ-ပြစ်မှု မြောက်တဲ့
ကျုးလွန်မှု တစ်ခု သူ ကို ကျုးလွန် ခဲ့တာ ရှိလားတို့  ဒါမှ မဟုတ် ခြိမ်း
ခြောက် ပြီး အဖြစ်မှန် ကို မပြောရဲအောင် ခြောက်လှန့် ထား
တာတွေ ရှိလား တို့ ကို ကျွန်တော်တို့ မေးရတာပါ။ ဘာဖြစ်လို့ လဲ
အခု လိုမျိုးမိန်းကလေး တွေ ပျောက်သွား တယ်နောက်
အိမ်ပြန်ရောက် လာတယ် တို့ ဆိုတဲ့ အမှု တွေ ဒီလ ပိုင်း
လောက်မှာကို ရန်ကုန်တိုင်း အတွင်းမှာ ၁၂ မှု လောက်ရှိနေတယ်။
ဒါကြောင့် ကျွန်တော်တို့ က လိုအပ်တဲ့ အရေးယူမှု
တွေ ဆက်လုပ်ရ အောင် စီစဉ် ရတာ ပါ ဟု အဆိုပါ အရာရှိ က Freedom News Group
သို့ ပြောသည်။
နန်းဆုရတီစိုးက မူ သူမ ၏ မိခင် နှင့်စိတ်ဆိုး ပြီး အိမ်ပေါ်မှ ဆင်းခြင်းဖြစ်သည် ဟု ဆိုသော်လည်း ချစ်သူ နှင့်
လက်ထပ်ပြီး ခိုးပြေးသည့် သဘောဆောင် သည် လား သို့ မဟုတ် ထို့ ထက်ပို သည်လား
ဆိုသည် ကို
ပြည်တွင်း သတင်းထောက် များက ဂျာနယ်များ တွင် ရေးခွင့် မရသော်လည်း စုံစမ်းဆဲ
ဖြစ်သည် ဟု သိရသည်။
မြန်မာ နိုင်ငံတွင်းရှိ တက်သစ်စ နာမည် ကျော်ကြားမှု မရှိသေးသော (သို့ မဟုတ်) အနုပညာအရ မအောင်မြင်
သည့် နာမည် မကြီး တကြီး သရုပ်ဆောင်များ မှာ တစ်ဦး လျှင် အကြွေး
သိန်းတစ်ထောင် ခန့် အနည်းဆုံးရှိ
သည် ဟု သိရသည်။

Monday, February 25, 2013

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက် ထွက်ပေါ်

အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။ 
 မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ညီညီထွန်းဟာ မိုးဟေကို လက်ရှိတွင်နေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ ကြေငြာခဲ့ပါတယ်။ 
ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိ သံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင် (မော်ဒယ် မိုးဟေကိုလို့ ယူဆနိုင်သူ) တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင် နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့် ၀ယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 
လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် စင်ကာပူမှာ နေထိုင်နေတဲ့ ညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင်အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြု လုပ်ပါရန် ညီညီထွန်း ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။ 
မိုးဟေကို အနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာ ရတဲ့အဖြစ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိမလဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ် ပါတယ်။ မိုးဟေကို ရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ 
ညီညီ ထွန်းဟာ တချိန်က မိုးဟေကို ရဲ့ချစ်သူဖြစ်ခဲ့သလို ပရိတ်သတ်များ အကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါ တယ်။ ညီညီထွန်းဆိုတာ လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေသူ လည်းဖြစ်ပါတယ်။

နိုင်ငံတကာကားပြပွဲ ဂျပန်ကားများ လူကြိုက်များ

မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံဝင်းအတွင်း ကျင်းပ ပြီးစီးခဲ့သော မြန်မာ့ကုန်သွယ်မှုနှင့် နိုင်ငံတကာကားပြပွဲ ၂၀၁၂ တွင် ကားပြခန်းပေါင်း ၂၀ ခန့်ပါဝင်ပြသခဲ့ပြီး ဂျပန်မှတင်သွင်းသည့် ကားအများစု ပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲကို Paing Aung Trading Co.,Ltd မှစီစဉ်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ရောင်းချခွင့် ရရှိထားသည့်ကုမ္ပဏီများမှ အသုံးပြုပြီးကားများ ၀င်ရောက်ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ကုမ္ပဏီများထံမှ မြန်မာနိုင်ငံ အတွက် တရားဝင်ကိုယ်စားလှယ်ရရှိရန် ကြိုး ပမ်းလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ကိုးမိုင်တွင် ကားအရောင်း စင်တာနှင့် ၀န်ဆောင်မှုလုပ်ငန်းလုပ် ကိုင်လျက်ရှိသည့် Oriental Apex Co Ltd (OAC) မှလည်း ပါဝင်ပြသခဲ့ပြီး ၁၉၉၈ မော်ဒယ်မှ ၂၀၀၆ မော်ဒယ် အထိ ကားအမျိုးအစားများကို တင်သွင်း ရောင်းချပေးလျက်ရှိကာ ၀ယ်လိုအား ပေါ်မူတည်၍ ၂၀၁၂ မော်ဒယ်များအထိ ပါ တင်သွင်းပေးကြောင်း ဒါရိုက်တာ ဒေါ်စုမွန်နိုင်က ပြောသည်။
၎င်းတို့ရောင်းချသည့် ဈေးနှုန်းများ အနေဖြင့် အနိမ့်ဆုံးကျပ် သိန်း ၂၅၀ ကျော် ၀န်းကျင်များဖြစ်သည့် ၂၀၀၁ ခုနှစ် မော်ဒယ် ကယ်လ်ဒီးနား၊ ၉၉ မော်ဒယ် မတ်တူး၊ ဟွန်ဒါစီအာရ်ဗီ၊ ခရောင်းတို့မှာ ဈေးအမြင့်ဆုံး ကျပ်သိန်း ၁,၀၀၀ ၀န်းကျင် ရှိကာ ၂၀၀၆ မော်ဒယ်လက် စပ်စ်၊ မာစီးဒီး များပါ ရောင်းချကြောင်း ပြောသည်။
ကားပြပွဲများသို့ ၀င်ရောက်ပြသည်မှာ ယခုအကြိမ်သည် စတုတ္ထမြောက်ဖြစ်ပြီး ပြပွဲတစ်ပွဲနှင့် တစ်ပွဲအကြားကားဈေး များ မသိမသာ ဈေးကျလာခဲ့ကြောင်း လည်း ၎င်းက ပြောသည်။
"မတ်တူးရွှေငါးကအရောင်းရဆုံးဘဲ။ နယ်ဘက်ကရော ရန်ကုန်နဲ့မန္တလေး ဘက်ကပါ လိုင်းပေါ်ကကားဆိုပြီးဝယ် ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လည်း ကားအသစ်အဆန်းတွေလည်း အများကြီး သွင်းလာကြတယ်။ ဈေး သက်သာပြီး မော်ဒယ်မြင့်တဲ့ကားတွေ လည်းရလာကြတယ်" ဟု၎င်းက ပြောသည်။
"ဧပြီ ၄ ရက်မှာလည်း ကားအစီး ၁၀၀ ရောက်ဖို့ရှိတယ်။ အဲဒီထဲက ကား ၁၀ စီး ၀ယ်သူအတွက် CIF၅,၅၀၀ တန် တစ်စီး အလကား ပေးမယ်။ တစ်စီးချင်းဝယ်သူ တွေအတွက်တော့လျှော့ပေးမယ်" ဟု ဒေါ်စုမွန်နိုင်ကပြောသည်။
ရန်ကင်း၊သုခ၀တီလမ်းတွင် ကား အရောင်းစင်တာ ဖွင့်လှစ်ထားသည့် WK ကားအရောင်းစင်တာမှလည်း ယင်းပြပွဲ တွင် ဂျပန်မှ တင်သွင်းသည့် ကားများနှင့် မတ်တူး၊ လန်ခရူဇာ၊ ပရာဒိုအစရှိသည့် ကားများနှင့် ပြိုင်ကားများကိုလည်း ပြသခဲ့သည်။
"ဒီပြပွဲမှာ ပုံမှန်ယူနေကျ ၀န်ဆောင်ခ နှုန်းထက် ငါးရာခိုင်နှုန်း လျှော့ပေးထားတယ်"ဟု ၎င်းက ပြောသည်။
၎င်းပြင် ကားရောင်းချမည့်ကုမ္ပဏီ များအား နှစ်နှစ်အတွင်းတင်သွင်းမှု အစီး ရေ ၂၅၀ ထက်ပိုမိုတင်သွင်းခြင်း မပြုရန် သက်ဆိုင်ရာမှ လွန်ခဲ့သော နှစ်ပတ်ခန့်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
"အရင်တုန်းက အစီးရေ ၄၀၀ လောက် အထိ တင်သွင်းခွင့်ပြုတာမျိုး တွေရှိ တယ်။ တချို့ကလည်း အစီး ၇၀၀ လောက် အထိ တင်ပို့ ခွင့်တောင်းတာတွေလည်း ရှိတယ်" ဟု ၎င်းကပြောသည်။
မော်တော်ကားဝယ်ယူလိုသူများ အနေဖြင့် ကားအရောင်းအ၀ယ်အား အရောင်းစင်တာဖွင့်ခွင့်ရရှိထားသည့် ကုမ္ပဏီများအပြင် ရန်ကုန်ရှိဟံသာဝတီ ကားပွဲစားတန်းတွင်လည်း ၀ယ်ယူ နိုင်ပြီး မိမိစိတ်ကြိုက်ဈေးဖြင့် ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြင့် လွတ်လပ်စွာရောင်းဝယ်လျက်ရှိသည်။
"ကားပွဲစားတန်းမှာဝယ်တာက အာမခံ မှုအပိုင်းကျတော့ နည်းနည်းကွာတယ်။ ကားအခြေအနေပေါ်လိုက်ပြီး လိမ်တာ တို့၊ ပိုက်ဆံ လိမ်တာတို့ဆိုတဲ့ ပြဿနာ တွေ ခဏခဏကြုံရတယ်"ဟု ပြော သည်။
သို့သော် ကားပွဲစားတန်းရှိ ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းစိုးက ကားကုမ္ပဏီမှ တင်သွင်းရောင်းချသူများကလည်း ကား အကောင်း နှင့်အဆိုးများအား ရောပြီး ရောင်းချတတ်သလို ပွဲစားတန်းတွင်လည်း အလားတူဖြစ်ရပ်မျိုး ရှိတတ် ကြောင်းပြောသည်။
"အကောင်းဆုံးက ကားအကြောင်း နားလည်တတ်ကျွမ်းသူရဲ့ အကူအညီကို ယူပြီး ကားဝယ်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။

Sunday, February 24, 2013

အင်တာနက် စာမျက်နှာများပေါ်တွင် ပံျ့နှံ့လျက်ရှိသည့် ၀ိုင်းစုခိုင်သိန်း မင်္ဂလာသတင်းမှာ မဟုတ်ကြောင်းပြောကြား


Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် နည်းများ


၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။
...
Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

၂။ Call Log များကို ရှင်းလင်းပေးပါ။

Android Phone အနိမ့်ပိုင်းး Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ Call Log တွေ များလာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး၊ ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ် Call Log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။

၃။ အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။

Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Blue tooth တို့ကို အချိန်တော်တော်များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုပ်ထွေးနေမှာ ဖြစ်သလို၊ အဆိုပါ Process တွေ အတွက်လည်း Battery သုံးစွဲမှု ပမာဏမြင့်တက်စေပါတယ်။

၎။ Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။

တချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်မှု ပမာဏမြင့်မားတဲ့ Device တွေအ တွက် ပြဿာနာ မရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ် ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿာ နာရပ် တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။

Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်း တစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ် ဆိုရင် Web Browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။

၆။ Device များကို Reboot ပြုလုပ်ပေးပါ။

တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ ရှိပါတယ်။ အချို့သော Process များနဲ့ Installation များအတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြု လုပ်ပေးသင့်ပါတယ်။

၇။ Launcher ကိုတစ်ခုထက် ပိုမိုမသုံးစွဲသင့်ပါ။

Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ Home နဲ့ Launcher တွေဟာ အဆင်မသင့်ခဲ့ဘူးဆိုရင်တော့ Display ကို ပြဿာနာ ဖြစ်စေနိုင်တဲ့ အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။

၈။ Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။

Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Superuser ကို အသုံး မလိုရင် ပိတ်ထားသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက် တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမို လေးလံစေပြီး System ထဲကိုလည်း ဝင်ရောက် ပြင်ဆင်နိုင်တဲ့ အတွက် အသုံးမပြုလိုတဲ့ အချိန်တွေမှာ ပိတ်ထား သင့် ပါတယ်။

၉။ Auto-Sync ကို ပိတ်ထားပါ။

Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲ ဖြစ်ဖြစ်၊ EVDO နဲ့ EDGE အသုံးပြုတဲ့ အချိန်မှာပဲဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ Auto-Sync ကို ပိတ်ထားခြင်းဖြင့် Battery အသုံးပြုနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကို သက်သာစေနိုင်သလို၊ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

၁၀။ Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။

Android Version အသစ်တွေ များစွာဟာ သတ်မှတ် Hardware တွေ အလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာ သတ်မှတ် Version အလိုက်သာ ထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။


 မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ဝယ်ထားတဲ့ Android ဖုန်းလေး ရေရှည်ကောင်းမွန်ပါစေ

ဘယ် Huawei မဆို အမြစ်မတူးဘဲ မြန်မာဖောင့်လေးထည့်ကြည့်မယ်

CWM လေး တင်ရရုံ မြန်မာ font ထည့် လိုရပါတယ် ။ သက်ဆိုင်ရာ CWM  ကတောကိုယ်ဘာသာရှာတောဗျာ :-D   ကျနော်တွေ့ ဘူး သလောက် ဘယ် Huawei တွေမှာမဆို CWM    တင်လို့ရရင်   မြန်မာဖောင့်တည့်
လွယ်ကူပါတယ် :P   လိုအပ်တဲ့ font ကိုဒေါင်းရအောင်
 ဒီမှာဒေါင်းပါ
SD Card ထဲကို HWMMFont.zip လေးကို အရင်ထည့်ထားပါ


  • Choose Zip From SD
  • SD ထဲမှာထဲ့ထားတဲ့ HWMMFont.zip ကို Install လုပ်လိုက်ပါ
  • ဖုန်းကို Reboot ချလိုက်ပါ….. ဖုန်းပြန်တက်လာပြီးဆိုရင်တော မြန်မာစာ font ကို မြင်ရပါမယ်  :lol:

Saturday, February 23, 2013

Microsoft မှဖန်တီးသော ခန္ဓာကိုယ်ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ


၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ 
ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။ လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ 
ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ 
ယင်း ပရိုဂျက်တာ ထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။ အထက်ပါ ရှင်း လင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက် ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ် ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ 
ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောက သားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။ 

Source by : mircosoft,wiki Aung Kham (TSJ team)

အကယ်ဒမီ လူရွှင်တော်မော့စ် ကွယ်လွန်

ဟာသသရုပ်ဆောင်လူရွှင်တော် မော့စ်သည် ယနေ့ (ဖေဖော်ဝါရီ ၁၃) နံနက် ၄ နာရီ မိနစ်၂၀ တွင် ရန်ကုန်မြို့၊ SSC ဆေးရုံ၌ ကွယ်လွန် သွားကြောင်း ၎င်း၏ သားငယ်က ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ဟာသသရုပ်ဆောင် မော့စ်သည် အသည်းရောဂါဝေဒနာကို ခံစားနေရခြင်းကြောင့် လွန်ခဲ့သည့် ၂နှစ်ခန့်ကတည်းက အနုပညာလုပ်ငန်းများမှလုံးဝအနားယူခဲ့ရသည်။ 
သို့ သော် ယခုကွယ်လွန်ခြင်းမှာ အဆုတ်ထဲ ရေ၀င်ရာမှ အသက်ရှူမ၀ဖြစ်ကာ ရုတ်တရက် ကျန်းမာရေး အခြေအနေဆိုးရွားသွား ခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ သားငယ်ကပြောသည်။ ဆေးကုသမှု ခံယူနေစဉ် “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ ဆုကိုရရှိခဲ့ပြီး နှစ်လနီးပါး အကြာတွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။
 “မနေ့က ရုတ်တရက်ကြီး အသက်ရှူမ၀သလိုဖြစ်လာလို့ ဆေးရုံတင် လိုက်တာ။ အဆုတ်ထဲ ရေ၀င်နေတာလို့ သိရတယ်။ ဆုံးတာကတော့ အဆုတ်ကြောင့်ပါ” ဟု ၎င်း၏ သားငယ်က ပြောသည်။ အကယ်ဒမီဆုရရှိပြီး ရက်ပိုင်းကလည်း ကွယ်လွန်သည့်သတင်းများထွက်ပေါ်ခဲ့ပြီး “မော့စ်မသေသေးပါဘူး။ အိမ်မှာ အေးအေးဆေးဆေးပါပဲ” ဟု အဆိုပါ ကောလာဟလသတင်းများကို ယင်းအချိန်က ဖြေကြားခဲ့သည်။ 
အကယ်ဒမီဆုရရှိခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို ဇန်န၀ါရီလလယ်ပိုင်းက ကျင်းပသည့်သတင်းများဖြင့် ပရိသတ်ရှေ့မှောက်ရောက်ရှိခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။ စွယ်စုံရဟာသ သရုပ်ဆောင် မော့စ်ကွယ် လွန်ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်း ဆောင်ရည်ပြည့်ဝတဲ့ အနုပညာရှင် လောကသားတစ်ဦး ဆုံးရှုံးတာဟာ ရုပ်ရှင်လောက အတွက် အစားထိုး မရတဲ့ဆုံးရှုံးမှုပါ။ 
ကျွန်တော့်ရဲ့ပုဂ္ဂလိက ခံစားချက်အရဆိုရင်တော့ ကိုယ့်ညီအစ်ကိုရင်းဆွေးမျိုးရင်းတစ်ယောက် ဆုံးသွားသလို ခံစားရတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက်က ဂျပန်ကမြန်မာသံရုံးမှာ ပြဇာတ်ကတော့ ပြဇာတ်ပြက်လုံးခွင်တွေကအစ ညီအစ်ကိုစိတ်ဓာတ်နဲ့ သူများနိုင်ငံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်တော့မှ မမေ့နိုင်တဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရပါ” ဟု ပြောသည်။ “ကျွန်တော်တို့တိုက်က ဇာတ်ကားနဲ့ အကယ်ဒမီရသွားတဲ့ ကိုမော့စ်အတွက်တော့ အမှတ်တရတစ်ခုပေါ့နော်။
 တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ၀မ်းနည်းမိတယ်” ဟု မန္တလေးရှိ ရီမြင့် ရုပ်ရှင်ထုတ်လုပ် ရေးပိုင်ရှင် ဦးဇော်မြင့်ကပြောသည်။ ၁၉၈၀ ကျော်နှစ်များတွင် မိုးဒီ၊ မော့စ် ဟူသည့် ဟာသသရုပ်ဆောင် အတွဲမှာ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ ရုပ်ရှင်လောက၌ အငြိမ့်တစ်ခေတ်ကောင်းချိန်က အငြိမ့်ခွေလောကတွင် လည်းသူတို့နှစ်ဦးမှာ အလွန် အောင်မြင်ထင်ရှားခဲ့သည်။ 
ဖလင်များရှားပါးပြီး ဗီဒီယိုခေတ်ဖြစ်လာချိန်တွင်လည်း ၎င်းတို့အတွဲမှာ အတိုင်အဖောက်ညီသော ဟာသပြက်လုံးများကြောင့် လူကြိုက်များခဲ့သည်။ ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် မော့စ်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ပို့ဆောင် သင်္ဂြီုဟ်မည်ဖြစ်ကြောင်း သိရသည်။ 

Source by :ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းထွက်ရှိ

Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းထွက်ရှိ

Honda Fit

Honda Fit

3D တီဗီတွင် လက်မကျယ်များသာ အ၀ယ်လိုက်ဟုဆို

3D တီဗီတွင် လက်မကျယ်များသာ အ၀ယ်လိုက်ဟုဆို

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။


အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်



ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

မင်းသားမင်းသမီးတွေ ဖုန်းနံပါတ်တွေလိုချင်ရင်......

* မိုးယုစံ -095193620
* နေတိုး -095193318
* ရေဗက္ကာဝင်း -095149662
* Lဆိုင်းဇီ -095191251
* ဆုန်သင်းပါရ် -095150990
* မိုးအောင်ရင် -095012600
* န၀ရတ် -095010034
* သက်မွန်မြင့် - 095022559
* အူဝဲ -095163082,548612
* မိုးဟေကို- 095109343
* လင်းလက်ဟိန်း -099927380
* အစ္စဏီ -584501
* စိုင်းစိုင်းခမ်းလှိုင် - 095016053
* ရဲလေး- 095111281
* ထွန်းထွန်း - 095136585
* နိင်းနိင်း - 573737
* ချစ်သုဝေ- 386732
* Lလွန်းဝါ-095138878
* ရတနာမိုင်- 559177 ,554259,
* ဖြူဖြူကျော်သိန်း -098022834
* နန္ဒစိုင်း 505403
* အေးမြတ်သူ -095148563
* မို့မို့မြင့်အောင်-095128683
* ခရစ္စတီးနား-095179714
* ရန်အောင်f - 095015518,541372
* ပုလဲဝင်း- 095172505
* လူမင်း-098022155,095011771
* ဟိန်းဝေယ-379739, 250143
* ဇင်ဇင်ဇော်မြင့်-095108855, 220831
* ပြည့်ဖူးခိုင်- 095103940, 095144028
* ရတနာ- 095015515, 660371
* ကျော်ဟိန်း- 095019252
* စိုးပြည့်သဇင် - 095001199
* မေနန်းခေါင် - 095199838
* မေထွင်ုခေါင် - 095077999, 556570
* ဂျင်နီ- 224610
* မေကဗျာ-095019883
* ရည်မွန်- 512391
* စန္ဒီမြင့်လွင်-095031411
* သဉ္ဖာဝင့်ကျော်-095012777
* နန်းစုရတီစိုး- 095019742, 256851
* ဟဲလေး- 095117151
* အေး/နှင်းဝတ်ရည်သောင်း-095035556
* နန္ဒလှိုင်-095131592, 666510
* သဇင်-095152992
* မေသက်ခိုင်-095186681

မင်းသားသစ်
































မွေးနေ့ရက်လေးများက ပြောသော အမူအကျင့်များ

ဇန်န၀ါရီ ၀၁ - ၀၉ ခွေး ၁၀ - ၂၄ ကြွက် ၂၅ - ၃၁ ခြင်္သေ့ ဖေဖော်ဝါရီ ၀၁ - ၀၅ ကြောင် ၀၆ - ၁၄ ချိုးငှက် ၁၅ - ၂၁ လိပ် ၂၂ - ၂၈ ကျားသစ်နက် မတ် ၀၁ - ၁၂ မျောက် ၁၃ - ၁၅ ခြင်္သေ့ ၁၆ - ၂၃ ကြွက် ၂၄ - ၃၁ ကြောင် ဧပြီ ၀၁ - ၀၃ ခွေး၀၄ - ၁၄ ကျားသစ်နက် ၁၅ - ၂၆ ကြွက် ၂၇ - ၃၀ လိပ် မေ ၀၁ - ၁၃ မျောက် ၁၄ - ၂၁ ချိုးငှက် ၂၂ - ၃၁ ခြင်္သေ့ ဇွန် ၀၁ - ၀၃ ကြွက် ၀၄ - ၁၄ လိပ် ၁၅ - ၂၀ ခွေး ၂၁ - ၂၄ မျောက် ၂၅ - ၃၀ ကြောင် ဇူလိုင် ၀၁ - ၀၉ ကြွက် ၁၀ - ၁၅ ခွေး ၁၆ - ၂၆ ချိုးငှက် ၂၇ - ၃၁ ကြောင် သြဂုတ် ၀၁ - ၁၅ မျောက် ၁၆ - ၂၅ ကြွက် ၂၆ - ၃၁ လိပ် စက်တင်ဘာ ၀၁ - ၁၄ ချိုးငှက် ၁၅ - ၂၇ ကြောင် ၂၈ - ၃၀ ခွေး အောက်တိုဘာ ၀၁ - ၁၅ မျောက် ၁၆ - ၂၇ လိပ် ၂၈ - ၃၁ ကျားသစ်နက် နိုဝင်ဘာ ၀၁ - ၁၆ ခြင်္သေ့ ၁၇ - ၃၀ ကြောင် ဒီဇင်ဘာ ၀၁ - ၁၆ ခွေး ၁၇ - ၂၅ မျောက်၂၆ - ၃၁ ချိုးငှက်

 ၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီးသဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝသံသယ ဖြစ်စရာ မလိုပေ။အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီးပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူ တစ်ဦး ဖြစ်သည်။အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချဆက်ဆံတတ်သူလည်း ဖြစ်သည်။ထို့ကြောင့် မိတ်ဆွေ အပေါင်းအသင်းများ အလယ်တွင် အားလုံး၏ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်းလိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများ တွင် စိတ်ဓါတ်ကျလေ့ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများအလယ်တွင် ထင်ပေါ် ကျော်ကြား သူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

 ၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင်တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့်လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံ တစ်ယောက် ကစကားမှား ပြောမိလျှင်လည်းခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

 ၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက် သူ ဖြစ် သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူဖြစ်သည်။ အိမ်တွင်းမှာထက် အပြင် မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင်ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူဖြစ် သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန်နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူ လည်း ဖြစ်သည်။သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကိုဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက် တာထက် အဆပေါင်း များစွာတုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများကမြှောက်ပင့် ခိုင်းစေ တတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်းချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည် ထက် ပိုပြီးရှက်နေတတ်သည် ။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက်နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ်ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ပုံမှန် အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရလိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှမိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့်စကားပြောဆိုရန်ဝန်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်းဖြစ်သည်။

 ၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကိုအကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်ကငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကိုမြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက်ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အားချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာအတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာမည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

 ၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည်ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီးပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည် ။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင်ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့်အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူတစ်ဦးဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေ ကာမူအလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်းများနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်းဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကိုကူညီတတ် သူဖြစ် သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှုလွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လို သူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကိုခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ် သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည် -- အားလုံးပျော်ရွင်ပါစေ မာမာ

ဆိုင်ကိုမေထရီပညာ

"ဆိုင်ကိုမက်ထရီ" အတတ် ဆိုသည်မှာ လူတစ်ဦး တစ်ယောက်၏ အ၀တ်အစားကို
ကိုင်ကြည့်ရုံနှင့် ၎င်းလူ၏ အ တိတ် ပစ္စုပ္ပန် အနာဂါတ် အဖြစ်အပျက်များကို
ဟောပြောနိုင်သော ပညာဖြစ်သည်။


သက်မဲ့အရာဝတ္ထု များကိုလည်း လက်တွင် ဆုပ်ကိုင်၍ သုံးသတ်ကြည့်ပြီး
၎င်းဝတ္ထုပစ္စည်း၏ အတိတ်ရာဇ၀င် အဖြစ် အပျက် သို့မဟုတ် မည်သည့်တိုင်းပြည်
မည်သည့်နေရာမှ လာသည် စသည်ဖြင့် အတတ်ဟောနိုင်လေ၏။ လူနာ များ၏ အ၀တ်အထည်ကို
ကိုင်၍ သုံးသတ်ပါက ဘာရောဂါဖြစ်နေသည် ၊ ဘယ်ဆေးနှင့် ပျောက်မည် စသည်တို့ကို
သိနိုင်လေသည်။



လက္ခဏာဆရာကြီး ကိုင်ရိုသည် လက္ခဏာပညာ အပြင် ဤပညာကိုလည်း တစ်ဖက်ကမ်းခတ်
တတ်မြောက် လေသည်။ တစ်ခါ၌ ဘုရင်တစ်ပါး၏ လက္ခဏာကို ဖတ်၏။ ငယ်စဉ်မှစ၍
အဖြစ်အပျက်ကို အစဉ်လိုက် မှန်ကန် စွာဟောပြောရာ ဘုရင်က မယုံပဲ သူ့အတ္ထုပတ္တိ
ရေးထားသော စာအုပ်စာတမ်းများကို ဖတ်ထားသဖြင့် ဟော နိုင်သည်ဟု ပြောလေ၏။



နောက်တစ်ကြိမ် ၎င်းဘုရင်ကြီး၏ အမတ်ကြီးက ကိုင်ရိုထံ လာမေးသောအခါ
ဘုရင်ကိုင်သော လက်ကိုင်ပ၀ါကို တောင်းပြီး လက်ဖြင့် ဆုတ်ကိုင်၍ ဤဆိုက်ကို
မက်ထရီ ပညာဖြင့် ဘုရင်၏ တိုင်ပြည်တွင် လောလောဆယ်ဆယ် သူပုန်ထနေကြောင်း
ဟောပြောလိုက်ရာ မယုံသဖြင့် သံကြိုးရိုက် မေးမှ အမှန်အကန် ဖြစ်နေသည်ကို
သိရလေ သည်။ ထိုအခါမှ ဘုရင်က အကြီးဆုံး ဘွဲ့ထူးဖြင့် ချီးမြင့်လေတော့သည်။



လူတစ်ဦး တစ်ယောက်ဝတ်သော အ၀တ်အထည်များတွင် ၎င်း၏ ဓာတ်ငွေ့ ဓာတ်သက်များ
ကူးလူးနေလေရာ ၎င်း အ၀တ်အထည်ကို လက်ဖြင့် ကိုင်တွယ် သုံးသတ်ခြင်းပြု၍
ထိုဓာတ်ငွေ့ ဓာတ်သက် များအားဖြင့် ဆက်သွယ် စေပြီး ၎င်းအကြာင်းကို သိရလေသည်။
မြန်မာ ပညာများတွင် လူတစ်ဦး တစ်ယောက်ကို ကောင်းဆိုး ဖြစ်စေ အောင် ၎င်း၏
အ၀တ်အထည်ကို မီးထွန်းလေ့ရှိကြ၏။ ၎င်းလူ နင်းသွားသော ခြေရာကိုပင်
ဓာတ်ရိုက်ကြလေ သည်။ သဘောမှာ ထိုသူ၏ ဓာတ်ငွေ့ ဓာတ်သက်များကို
ဖမ်းယူခြင်းပင် ဖြစ်သည်။

လူတစ်ဦး၏ ဓာတ်ငွေ့ ဓာတ်သက် အနံ့စသည်တို့သည် အခြားသူတစ်ဦး၏
ဓာတ်ငွေ့ဓာတ်သက် အနံ့တို့နှင့် မတူချေ။ ထို့ကြောင့် အနံ့ခံကောင်းသော
စုံထောက်ခွေးများသည် အ၀တ်အထည် တစ်ခုခုကို အနံ့ယူပြီး ထိုအ ၀တ်အထည်
ပိုင်ရှင်ထံ အရောက်သွားနိုင်ခြင်း ဖြစ်လေသည်။ လူပေါင်း
ထောင်သောင်းထဲမှာပင် မိမိ၏ဆရာကို အနံ့ခံပြီး လိုက်နိုင်လေသည်။ ဆိုင်ကို
မက်ထရီပညာမှာ လက်၏ အတွေ့ သိမ်မွေ့ခြင်းပင်ဖြစ်သည်။ မျက်မမြင် များမှာ
လက်များ အလွန် သိမ်မွေ့သဖြင့် လက်ဖြင့် စမ်းသပ်၍ စာဖတ်ခြင်း
-စန္ဒယားတီးခြင်း စသည်တို့ကို သူ မတူအောင် လုပ်နိုင်လေသည်။ အချို့မှာ
လည်ချောင်းပေါ် လက်တင်ထားရုံနှင့် ပြောဆိုသော စကားများကို နား
လည်နိုင်လေသည်။

ဆိုက်ကိုမက်ထရီ အတတ်ပညာကို တတ်လိုပါက လက်ကို သိမ်မွေ့အောင်
လေ့ကျင့်ပေးရမည်။ လူတိုင်း ဤပညာ ကို တတ်နိုင်ပါသည်။ လူတိုင်းတွင်
အခံရှိပါသည်။ အနည်းနှင့် အများ အမြန်နှင့် အနှေးသာ ကွာပါသည် အစတွင် ပိတ်
၊ ပဒုမ္မာ ၊ ပိုးထည် ၊ ချဉ်ထည် ၊ ကတ္တီပါ ၊ သားမွေး ၊ ကျောက်ခဲ ၊
ကျောက်မီးသွေး ၊ ရွှေ ၊ ငွေ ၊ သစ်ခေါက် စသည်တို့ကို
စမ်းသပ်လေ့လာရမည်။လက်သည် တဖြည်းဖြည်း သိမ်မွေ့လာလိမ့်မည်။ နောက်
မျက်စိမှိတ်၍ ဆုတ် ကိုင် စမ်းသတ်ကြည့်ရုံနှင့် သိနိုင်လာလိမ့်မည်။
ဤကဲ့သို့ ဆိပ်ငြိမ်သော နေရာတွင် နေ့စဉ် အချိန်မှန် တစ်နေ့လျှင်
နာရီဝက်မျှ လေ့လာပေးပါက ရက် လ အနည်းငယ်အတွင်း ပေါက်ရောက်နိုင်ပါသည်။
ဤကဲ့သို့ လေ့ကျင့်ပြီး တစ်စတစ်စ အရာဝတ္ထုများကို စမ်းသတ်ကြည့်ရှု့ရမည်။
မိတ်ဆွေဆီမှ ပေးပို့လိုက်သော စာကို မဖွင့်ပဲ လက်ထဲဆုပ်ကိုင်ပြီး
အာရုံပြုကြည့်ပါ။ ထိုစာမှ မည်ကဲ့သို့ ထူးခြားသည် ၊မည်ကဲ့သို့ စိတ်ထဲမှာ
ပေါ်လာ သည်ကို စသည်တို့ကို မှတ်သားထားပါ။ နောက် အဖြစ်အပျက် အမှန်အကန်နှင့်
နှိုင်းယှဉ်ကြည့်ပါ။ စိတ်ထဲ ပေါ်လာ သည့် အတိုင်း ဟောကြည့်ပါ။ တစ်နေ့မှာ
အမှန်ကို သိမြင်လာပါလိမ့်မည်။

ပစ္စည်းတစ်ခုခုကို ဖတ်လိုသောအခါ ၎င်းပစ္စည်းကို ညာလက်ဖြင့် ဆုပ်ကိုင်ထားပါ။
နောက် စိတ်ဖြင့် သုံးသပ်ဆင်ခြင် ကြည့်ပါ။ မကြာမီ ထိုပစ္စည်းတွင် ပါလာသော
ဓာတ်ငွေ့ ဓာတ်သက်အားဖြင့် ပစ္စည်းရှင် ကိုယ်တိုင်ရှိ ဓာတ်ငွေ့ ဓာတ်သက်
ဆက်သွယ်စေပြီး ၎င်း၏ အဖြစ်အပျက် အမှန်အကန်ကို ထင်မြင်လာပါလိမ့်မည်။ ထိုသူ၏
ကျန်းမာရေး အခြေအနေ ကောင်းဆိုး ၊ ကံကြမ္မာ ၊ အကျင့် စာရိတ္တမှစ၍
အားလုံးသိနိုင်ပါသည်။ လူနာဖြစ်လျှင် သင့်တော်မည့် ဆေးကို သိနိုင်ပါသည်။
မကြာမီ လူတစ်ယောက်နှင့် ပတ်သက်သော သာရေး ၊ နာရေး ၊ ပစ္စည်းပျောက် ၊
သတ်မှု့ ဖြတ်မှု့ ၊ ခရီး ၊ ရန်သူ ၊ လာဘ်ရ မရ ၊ မတော်တစ်ဆဖြစ်ခြင်း ၊
ကလေးမွေးခြင်း ၊ အလုပ်အကိုင်မှစ၍ အားလုံး သိမြင်နိုင် စွမ်း
ရှိလာလိမ့်မည်။

ဤပညာဖြင့် သုံးသပ်ကြည့်ရာတွင် တစ်ခါတစ်ရံ တိုက်ရိုက်အဖြေကို မသိဘဲ
သွယ်ဝိုက်သောနည်းဖြင့် သိရ တတ် သေးသည်။ ဥပမာ - လူနာတစ်ဦး၏ ရောဂါကို
ကြည့်လိုက်သောအခါ မိမိ၏ ၀မ်းဗိုက်ထဲ၌ နာလာလျှင် ထိုသူမှာ အစာမကြေ
ရောဂါရှိသည်ဟု သိအပ်၏။ မိမိဦးနှောက်ထဲ၌ နာကျင်ကိုက်ခဲ၍
စိတ်အားညှိုးငယ်သွားလျှင် ထိုသူတွင် စိတ္တဇ ရောဂါရှိနေပြီဟု သိရမည်။ မိမိ
စိတ်ထဲ၌ ၀မ်းနည်း ကြေကွဲလာလျှင် ထိုသူမှာစိတ်ဆင်းရဲခြင်း ဖြစ်နေသည်ကို
သိရ၏။ ဤကဲ့သို့ အမျိုးမျိုး ကောက်ယူရလေသည်။

ဤပညာဖြင့် ဟောပြောရန် အကောင်းဆုံး ၀တ္ထု ပစ္စည်းများမှာ စာ ၊ ဆံပင် ၊
ခြေသည်း ၊ လက်သည်း ၊ နာရီ ၊ လက်ကောက် ၊ နားကပ် ၊ လက်စွပ် ၊ ရှပ် ၊ ကော်လာ
၊ ကြယ်သီး ၊ လက်ကိုင်ပ၀ါ ၊ တဘက် ၊ စောင်မှစ၍ ထိုသူ ၀တ်စားသော ပစ္စည်းများ
ဖြစ်ရမည်။ အသားနှင့်ထိ၍ ၀တ်စားဆင်ယင်သော အရာဝတ္ထုတို့မှာ အကောင်းဆုံး
ဖြစ်သည်။

ထိုသို့ ပစ္စည်းများကို လက်ဖြင့် ဆုပ်ကိုင်၍ သုံးသတ်ကြည်က မတွေ့မမြင်လျှင်
မိမိနဖူးပေါ် ကပ်ပြီး မျက်စိမှိတ် စဉ်းစားသုံးသတ်ပါက ပေါ်လာလိမ့်မည်.....

လူတို၏လက်ဖ၀ါးပြင်အရောင်များမှဖော်ပြနေသော လူတို့၏စရိုက်များ

 လက်ဖ၀ါးပြင် မှ အရောင်များနှင့်ပတ်သတ်၍ သိရှိစေရန် အကျဉ်းချုံး ၍ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။  မိမိကိုယ်ကိုသာမက တစ်ပါးသူကို လေ့လာရန် ရည်ရွယ်ပြီး တင်ပေးရခြင်းဖြစ်ပါသည်..။လက်ဖ၀ါးမှအရောင်များမှာ ခွဲခြားရန်ခက်နေပါသောကြောင့် လက်ကိုသေချာသန့်စင်ပြီး သဘာဝအလင်းရောင်နှင့်ထိတွေ့ ပြီးမှကြည့်ပါရန်။ အဆင်ပြေ နိုင်ကြပါစေ။*

၁။ အနီရောင်
အင်မတန်စိတ်ထားရဲရင့် တဲ့ သူပါ။ ဆုံးဖြတ်ချက်ခိုင်မာသလို ပြတ်လည်းပြတ်သားတယ်။ စိတ်တော့တိုတယ်။ ဒေါသလည်းကြီးတယ်။ ဒါပေမယ့်လည်းအမြဲတမ်းခေါင်း ဆောင်ဖြစ်ပါတယ်။ ဘ၀မှာကံကောင်းခြင်းတွေကို ပိုင်ဆိုင်တယ်။ ဒေါသကြီးပြီးစိတ်တိုတတ်တဲ့အတွက် တချို့အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်။ မိဘဂုဏ်ယူရမယ့်သူတစ်ယောက်ပါ။ ခေါင်းမာလို့ မိဘပြောသမျှတွေကို မျက်စိစုံမှိတ်လကိခံမယ့် သူတော့ မဟုတ်ပါဘူး။ စဉ်းစားချင့်ချိန်ပြီးမှ လက်ခံမှာပါ။

၂။ ပန်းရောင်  
        လက်ဖ၀ါးဟာပန်းရောင် ၊ပန်းနုရောင်၊ ပန်းဆီရောင်၊ဖြစ်နေရင်တော့ အင်မတန်နူးညံ့ သိမ်မွေ့သူပါ။ စကားပြောယဉ်ကျေးပြီး ဆွဲဆောင်မှုကောင်းတဲ့ အသံပိုင်ရှင်လေးပါ။ လူချစ်လူခင်များပြီး ၊ကြင်နာစိတ်လေးလည်းရှိပါတယ်။ ဗီဇကိုက လူတိုင်းကို မေတ္တာနဲ့ဆက်ဆံတတ်ပါတယ်။ မိဘညီအကို မောင်နှမတွေကို ချစ်တယ် ။ အိမ်မှာ မိသားစုက အားကိုးရမယ့်သူပါ။ မိသားစုအတွင်းအနစ်နာခံ စရာရှိရင် အနစ်နာခံမယ့်သူပါ။ ဘ၀မှာကံကောင်းသူ အဆင့်အတန်းကောင်းကောင်းနဲ့ နေရသူတွေထဲမှာ ပါမယ်..။ မွေးရကျိုးနပ်တဲ့ သူပါ။

၃။ အ၀ါရောင်
     လက်ဖ၀ါးက အ၀ါရောင်ဖြစ်ရင်သတိထားပါ။ ကျန်းမာရေး ညံ့ပါမယ် ။ ချုချာတဲ့ သူဖြစ်တတ်ပြီး သွေးအားနည်းတာ ၊ဆီး၊ ကျောက်ကပ်မကောင်းတာ၊အစာအိမ် အက်ဆစ်ဓာတ်များတာတွေ ဖြစ်တတ်ပါတယ်.။။ စိတ်မလုံခြုံတတ်ပါဘူး ။ စိတ်ထားကြံ့ခိုင်အောင် ပြုပြင်ပေးဖို့လိုပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှုလုံးဝ မရှိပါ။ မိဘကို မှီခိုရ မယ့် သူပါ။

၎။ အဖြူရောင်
    လက်ဖ၀ါးက အဖြူရောင်ဖြစ်ခဲ့ရင်တော့ သတိထားပါ ၊ စိတ်ကောက်တတ်တဲ့သူပါ။ သူများကိုမနာလိုတတ်။ သွေးအားနည်းရောဂါရှိပါတယ်.။ ပြန်မပြောနားမထောင်နဲ့ ထုံပေပေ လုပ်တတ်သူပါ။ တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ ဒါပေမယ်မြုံစိစိ နေတတ်တာကြောင့် တော်ရုံတန်ရုံ အကဲခတ်ဖို့မလွယ်ပါဘူး။ ဘာပဲလုပ်လုပ်ထိပ်တန်းကို မရောက်ပါဘူး။ အချိန်ဖြုန်းတတ်သူပါ.။ မိသားစုထဲမှာတစ်မျိုးတစ်ဘာသာခွဲထွက်နေတတ်တယ်။အလုပ်ကိုသူလဲမလုပ်ဘူး။ သူများလုပ်ရင်လဲ အပြစ်ပြောတတ်တဲ့သူမျိုးပါ။

၅။ အညိုရောင်\အနက်ရောင်
        လက်ဖ၀ါးအရောင်ဟာ အညိုရောင်\အနက်ရောင် ဖြစ်ခဲ့ရင် တော့ စိတ်ထားခက်ထန်မာကျောတဲ့သူပါ။ ရက်စက်ဖို့ လည်းဝန်မလေးဘူး ။ ကြီးနိုင်ငယ်ညှင်းစိတ်ရှိပါတယ်။ သြဇာအာဏာကို မက်မောပါတယ်။ အခွင့်အရေးကို မရရအောင်ယူတတ်ပါတယ်. ။ ဘယ်သူ့မျက်နှာကိုမှမထောက်ထားတတ်တဲ့သူပါ။ ဘယ်သူသေသေ ငတေမာရင်ပြီူးရောပါပဲ။ သူ့မှာမိဘ၊မောင်နှမတွေ။ ဆွေမျိုးသားချင်းရယ်လို့ ညှာတာထောက်ထား လိုစိတ်မရှ်ဘူး။ ကိုယ်ကောင်းစားဖို့ ဘယ်သူ့ကိုမဆထို နင်းချေရဲတဲ့သူပါ။ ဒါပေမယ်.အချစ်နဲ့မေတ္တာစိတ်လေးတော့ရှိပါတယ်။ အချစ်နဲ့မေတ္တာထက် အတ္တက ပိုကြီးပါတယ်။ ဒါကြောင့်ဒီကလေးက အခွင့်အရေးသမားလို့မြင်ရပါတယ်။

၆။ အပြာရောင်
             လက်ဖ၀ါးအရောင်ဟာ အပြာရောင်ဖြစ်ရင် သတိထားပါ။ ပြာနှမ်းနှမ်းရှိတဲ့ သူဟာ… မူးရစ်ဆေးဝါး ၊ယစ်မူးစေတဲ့ အရာတွေကု နှစ်သက်လေ့ရှိပါတယ်။ သွေးအားနည်းပါတယ်။ သွေးဆိပ်တတ်တာ ခဲဆိပ်တက်တာတွေ ဖြစ်တတ်တဲ့သူပါ။ စိတ်နှလုံးတော့ကောင်းတယ် ။ နူးညံ့သိမ်မွေ့တယ်။ ဘယ်သူ့ကိုမဆို အရှုံးပေးဆက်ဆံတတ်တယ်။ အနစ်နာခံပြီးနေပေမယ်. အကောင်းတော့ အပြောမခံရပါဘူး။ မိတ်ဆွေစစ်ရှားတယ်။ စိတ်ခံစားမှုတွေကိုမျိုသိပ်ထားတယ်။အားလုံးအတွက် အနစ်နာခံပေမယ်. လူတွေကအသုံးချခံစရာ တစ်ခုအဖြစ် စဉ်းစားတာခံရပါ့မယ့်။