Wednesday, February 27, 2013

အန္တရာယ်ကြီးလာသည့် မြန်မာဗီဒီယို ရုပ်ရှင်

“မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။

ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား ပြောင်းကြည့်ကြပါလား” ဟု တကယ်ပင် တိုက်တွန်းလိုက်ချင်သည်။ သို့သော် ကျနော့် သြဇာမညောင်းသော မိသားစုများဖြစ်နေသဖြင့်သာ စိတ်ဆင်းရဲစွာဖြင့် ဆက်ကြည့်နေခဲ့ရပါသည်။

ဇာတ်ကား နာမည်က “ဂေါက်ချက်က ကမ်းကုန်” ဖြစ်သည်။ ပါဝင်သူ သရုပ်ဆောင် များကတော့ နာမည်ကျော်၊ နာမည်ကြီး မင်းသား ကျော်ရဲအောင် ဖြစ်သည်။ မင်းသမီးက နဝရတ်။ ဇာတ်ပို့ အဖြစ် အဓိက ပါဝင်သူများက ခင်လှိုင်နှင့် ကစ်ကစ်တို့ ဖြစ်သည်။ ဇာတ်လမ်းက မည်မည်ရရ သိပ်မရှိ။ ကျော်ရဲအောင်က အူကြောင်ကြောင် သမား၊ ဆိုင်းဘုတ်ရေး ဆရာ။ နဝရတ်ကလည်း ဂေါက်တိ ဂေါက်ကြောင် ရှပ်ပြာမ။ သူတို့နှစ်ယောက် တွေ့ဆုံ ချစ်ကြိုက်ပြီး ညားကြသည့် ဇာတ်မျှသာ ဖြစ်သည်။ ဇာတ်လမ်း တခုလုံးမှာ သုံးစွဲသွားသော စကားလုံးများနှင့် ခင်းကျင်း ပြသသွားသော ဇာတ်ကွက် တော်တော် များများသည် ညစ်ညမ်းသော ဟာသများသာ ဖြစ်နေသည်။

ဇာတ်လမ်း အစတွင် ဗေဒင်လည်းဟောပြီး ၉၆ ပါးရောဂါလည်း ကုသူ ခင်လှိုင့်ထံကို အမျိုးသမီးတယောက် ဗေဒင်လာမေးသည်။

“ကျမ ယောက်ျား မလာတော့ဘူး ဆရာ၊ ကျမမှာ ညညဆို အိပ်ရေးတွေလည်း ပျက်ပါတယ်၊ သူလာအောင် ဘယ်လိုလုပ်လုပ် မလာတော့ဘူး” ဟု ပြောရာ ခင်လှိုင်က မျက်စိမျက်နှာပျက်လျက် “ဒါဆို ဒီဆေးကိုသွေးပြီးတိုက်လိုက်၊ လာကို လာစေရမယ်” ဟု ပြန်ပြောပါသည်။ ထိုအခါ ထိုအမျိုးသမီးက “ဟာ၊ ဆရာကလည်း သူမှ အိမ်ပြန်မလာတာ။ ဘယ်လိုလုပ် ဆေးတိုက်မှာလဲ” ဟု ပြန်ပြောတော့မှ “သြော် ... အိမ်ပြန်မလာတာကို ပြောတာလား၊ ရှင်းရှင်းပြောလေ၊ ဆရာက နည်းနည်းမှားသွားတယ်” စသဖြင့် ပြန်ပြောပုံကို ပြပါသည်။ သူတို့ သုံးနှုန်းသွားသော စကားများနှင့် သူတို့သရုပ်ဆောင်ပုံများမှာ ဇာတ်လမ်းနှင့်လည်း ဘာမှ ဆိုင်သည် မဟုတ်ပါ။ ဒီစကားများ ဒီပြကွက်များကို ဘာကြောင့် မကြာခဏ ထည့်သွင်း ရိုက်ကူးနေကြပါသနည်း။

နောက်ထပ် ထိုကားထဲမှ ဥပမာများကို ပေးရဦးမည်ဆိုလျှင် ကျော်ရဲအောင်၏ အိမ်တွင် ခင်လှိုင်နှင့် ကစ်ကစ်တို့ လင်မယားက ကပ်လျက် နေထိုင်ကြသူများဖြစ်သည်။ အစကတော့ အဖီတဲလေး၊ ထို့နောက် အိမ်ရှေ့ကပြင်၊ ထို့နောက် အိမ်ခန်းကိုပါ တဖြည်းဖြည်း သိမ်းပိုက်ကြပုံများကို “မင်းတို့ လင်မယားက ကြမ်းတိုက်မယ် ကြမ်းတိုက်မယ်နဲ့ ငါ့အိမ်တအိမ်လုံး မောင်ပိုင် စီးတော့ မှာပဲ” ဟူသော စကားဖြင့် ပြောဆိုပါသည်။ ကျနော့်တူမလေးက “ကြမ်းတိုက်တယ် ဆိုတာဘာတုန်း” ဟု ပြန်မေး သောအခါ ကျနော်တို့ ညီအစ်ကိုများ ဘယ်နား မျက်နှာထားရမည် မသိကြ။ ကျနော့် အစ်မကတော့ တကယ်ပင် ရိုးရိုးတွေးသူမို့ “ကြမ်းတိုက် တယ်ဆိုတာ ကြမ်းတိုက်တာပေါ့ဟဲ့၊ ကြမ်းတိုက်ပေးမယ်ဆိုပြီး အိမ်ကို သူတို့ချည်းနေတာကို ပြောတာလေ” ဟု ရှင်းပြ ရှာပါသည်။ ကလေးများပင် စကားတိုင်းကို အထာကောက်ယူတွေးတောကြရမည်မှန်း သိနေကြသည်မှာ မကောင်းသည့် အလားအလာဟု ကျနော်ကတော့ ထင်မြင်မိပါသည်။

ထိုထက်ဆိုးသည့် ပြကွက်များ၊ ထိုထက်ဆိုးသည့် ဒိုင်ယာလော့များ ရှိပါသေးသည်။ ထို့ပြင် ကျနော်က ဒီဇာတ်လမ်း တခုတည်းကို ကြည့်ပြီးပြောခြင်း မဟုတ်ပါ။ ထိုသို့သော မြန်မာ ရုပ်ရှင်ဇာတ်ကားမျိုး၊ ထိုထက်ဆိုးသော ဇာတ်ကားမျိုး တွေလည်း ရှိနေသေးသည်။

“အီးတီ ဖူးစာ” ဆိုသော စင်တင်ပြဇာတ်ကို ဗီဒီယို အဖြစ် ကျနော် မတော်တဆ ကြည့်မိသွားသည်။ ဟာသဖြင့် စသောကြောင့် ရယ်စရာကို စိတ်ဝင်စားသဖြင့် ကြည့်မိသွားခြင်းဖြစ်သည်။ ပါဝင်သူများကလည်း နာမည်ကြီး သရုပ်ဆောင်များ။ နေတိုး၊ မင်းမော်ကွန်း၊ ပြေတည်ဦး၊ နဝရတ်၊ သဇင်၊ အရိုင်း၊ တက္ကသိုလ် ဂွမ်းပုံ အစရှိသဖြင့် ...။ သို့သော် ဇာတ်ကား တဝက်ခန့်တွင် ကျနော် ဆက်မကြည့်ချင်တော့အောင် အော်ဂလီဆန်လာသည်။ ခါးအောက် ပြက်လုံးများကို ဗုံးပေါလအော သုံးကာ ပရိသတ်ကို ကလိထိုး ရယ်ခိုင်းထားသောကြောင့် ဖြစ်သည်။

ထိုအခါ ခါးအောက်ပြက်လုံးများကို သူကိုယ်တိုင်လည်းမပြက်၊ သူ့ အဖွဲ့သားများ၊ တပည့်များကိုလည်း ပြက်ခွင့် မပေးသည့် လူရွှင်တော်ကြီး ကိုဇာဂနာကို သတိရမိပါသည်။

ယခုဆိုလျှင် မြန်မာ ရုပ်ရှင်ကားများ သည်လည်း အချစ်၊ ဟာသ ဆိုသော စကားလုံးကို တွင်တွင်သုံးကာ ညစ်ညမ်း ဟာသများဖြင့် ပရိသတ်ကို တင်ပြနေကြသည်။ ဟော့ရှော့၊ ဝါဆိုဖယောင်းတိုင်၊ မာမီရှိန်း၊ အချစ်ကလန်းတယ် စသည် စသည်ဖြင့် နာမည်ပေါင်းများစွာ ကွဲပြားထွက်လာသော်လည်း သရုပ်ဆောင်များ၊ ပြကွက်များ၊ ဒိုင်ယာလော့များကတော့ ဒီပုပ်ထဲက ဒီပဲဆိုသလိုပင် ဖြစ်နေကြသည်မှာ ရှက်စရာပင်ကောင်းပါသည်။

တရက်ကတော့ အင်မတန် ရှပ်ပြာပြာနိုင်သော “ဆက်မမကို” ဟူသည့် ကောင်မလေးနှင့် အင်မတန် တည်ငြိမ် အေးဆေး သော “ညီသုတ” ဆိုသည့် ကောင်လေးတို့ တွေ့ဆုံကြ၊ လွဲကြပုံကို ရိုက်ထားသည့် မြန်မာကား တကား ကြည့်လိုက်ရသည်။ “မဆိုးပါဘူး” ဟု မှတ်ချက်ချမိသည်။ ဇာတ်လမ်းခိုင်ခံ့ပြီး ဟာသများမှာလည်း သဘာဝကျကျ ဆွဲဆောင်နိုင်သည်ကို တွေ့ရ သည်။ စုံစမ်းကြည့်တော့မှ သိရသည်မှာ ထိုကားသည် ယခင်က မြန်မာကားဟောင်းတကားကို ပြန်လည် ရိုက်ကူး ထားခြင်း ဖြစ်သည် ဟူ၏။ သြော် ဒီလိုပါလား။ မြန်မာကားများမှာ ရှေးတုန်းကတော့ ကောင်းခဲ့ပုံပင်။

မြန်မာ ကြော်ငြာများပင်လျှင် ထိုသို့သော နှစ်ခွ အဓိပ္ပာယ်ရှိသည့် ဒိုင်ယာလော့များနှင့် ကြော်ငြာတာကို ရုပ်မြင်သံကြားတွင် မြင်ဖူးပါသည်။ ခြင်ဆေးခွေကြော်ငြာ တခုတွင် သရုပ်ဆောင်က “ကျနော်လည်း အောက်မှာ ဒါပဲထားတာပါပဲ” ဟု ပြောရာ တခြား သရုပ်ဆောင်တဦးက “ဟေ့ကောင် ဘာလဲကွ” ဟု ပြန်မေးတော့မှ “ခြေထောက် အောက်နားမှာ ဒီခြင်ဆေးပဲ ထားတာပါလို့ ပြောတာ” ဟု ပြန်ပြော ပုံဖြစ်ပါသည်။

ထိုသို့သော ဇာတ်ကားများ၊ ကြော်ငြာများကို ကလေးများ ကြည့်ရှုနေသောအခါ မည်သို့ဖြစ်လာမည်လဲ။ စဉ်းစားကြည့်လျှင် ရင်မောစရာ ကောင်းပါသည်။

နိုင်ငံခြား ရုပ်ရှင်များကို ကလေးများ မကြည့်ရ ဟု ပိတ်ပင်ကြပါသည်။ သို့သော် ထိုရုပ်ရှင်များက ကလေးများ ကြည့်သင့်၊ မကြည့်သင့်ကို Under 18၊ Under 13 စသည်ဖြင့် တရားဝင် စာတန်းများကပ်ကာ တားမြစ်လေ့ရှိကြသည်။ ယဉ်ကျေးပါသည် ဆိုသော မြန်မာရုပ်ရှင်များကသာ ကလေးများကို အတွေးမှားများ သင်ပေးနေခြင်းဖြစ်သည်။

မြန်မာစကားသည် အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။ စကားလုံးတိုင်း စကားလုံးတိုင်းသည် အဓိပ္ပာယ် တခုထက်မက ရှိနေရာ ရိုးရိုး အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား၊ ညစ်ညမ်းသော အဓိပ္ပာယ်နှင့် သုံးနှုန်းသည်လား ဆိုသည်ကို အမြဲ တွေးတောနေရခြင်းကပင်လျှင် ပင်ပန်းလွန်းပါသည်။

တခါတုန်းက ကျနော့်မိတ်ဆွေ၏ ၁၁ နှစ်အရွယ်သားလေးနှင့် ၉ နှစ်အရွယ်သားလေး နှစ်ယောက်မှာ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ ...၊ ပြီးပါပြီ ကိုကိုက ပြီးပြီ” ဟူသော ရန်အောင်၏ သီချင်းကို ဆိုကာ တခစ်ခစ် ရယ်မောနေကြသည်ကို ကြုံဖူး ပါသည်။ သူတို့ ဘာအတွက်ကြောင့် ရယ်နေကြသလဲဟု ကျနော်မေးသောအခါ ထို စာသား၏ တခြားအဓိပ္ပာယ်တခုကို အတွေးပေါက်ကာ ရယ်မောနေကြကြောင်း သိလိုက်ရသဖြင့် အတော်ပင် ထိတ်လန့်သွားရပါသည်။ သူတို့ကိုလည်း တခြား ကလေးတယောက်က ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ကျနော့်ကို ရှင်းပြခဲ့သည်။

ကျနော့် သဘောကတော့ ကလေးတွေသည် မြန်မာစကားတခွန်းကို ကြားလျှင် ကြားရသည့် အဓိပ္ပာယ်အတိုင်း ရိုးရှင်းစွာသာ တွေးတောစေချင်သည်။ ရိုးရှင်းစွာပဲ သိစေချင်သည်။ နောက်အဓိပ္ပာယ်တမျိုး ရှိနေသေးပါလားဟု သိနေခြင်း ကပင်လျှင်  ရင်မောစရာဖြစ်ပါသည်။

မြန်မာရုပ်ရှင်များ၊ မြန်မာအငြိမ့်များ၊ မြန်မာကြော်ငြာများသည် ကလေးတို့အတွက်ပါ ထည့်သွင်းစဉ်းစား၍ ရိုက်ကူး ဖြန့်ချိ သင့်ပါသည်။ မဖြစ်မနေ ထိုအကြောင်းအရာမျိုးကို ထည့်သွင်း ရိုက်ကူးမှရမည်ဆိုလျှင်ဖြင့် အသက် ၁၂ နှစ်အောက်ကလေးများ မကြည့်ရဟု အတိအလင်း တားမြစ်ပိတ်ပင်စေချင်ပါသည်။ ယခုတော့ဖြင့် ကလေးများ ကြည့်နေကြသော မြန်မာဇာတ်ကားများမှာ ဒိုင်ယာလော့များကလည်း အတွေးပွားစရာ၊ သရုပ်ဆောင်ပုံများကလည်း စိတ်ညစ်စရာ၊ ပြကွက်များကလည်း မကြည့်ဝံ့စရာ။

မြန်မာရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများ စဉ်းစားပေးစေ ချင်ပါသည် ခင်ဗျား။

နန်းဆုရတီစိုး လုပ်ဇာတ်ထွင်မှု ရဲချုပ် ဒေါသထွက်

နန်းဆုရတီ စိုး ၏ နာမည်ကြီးရအောင် လုပ်ဇာတ်ထွင်ခြင်း ကို ရဲချုပ် ခင်ရီ က
အလွန် အမင်းဒေါသထွက်နေကြောင်း
ကြားသိရသည်။ သူမ ပျောက်ဆုံးသည် ဆို၍ မိခင် ဖြစ်သူ ကိုယ်တိုင်
လာရောက်တိုင်ကြား စဉ်က မြန်မာ နိုင်ငံ
ရဲချုပ်မှာ သူကိုယ်တိုင် တိုင်း နှင့် ပြည်နယ် ရဲမှုးများ ဆီ သို့ အကြောင်း
ကြားပေးပြီး အင်းစိန် CID စုံထောက် ဌာန
သို့ ပင် တာဝန်ပေးခဲ့သည် ဟု သတင်းရရှိသည်။



မိခင် ဖြစ်သူ ကိုယ်တိုင် သမီးဖြစ်သူ နန်းဆုရတီစိုး ပျောက်ဆုံး
နေသည် ဆို၍ အမှုဖွင့် တိုင်ကြားထားသည့် နန်းဆုရတီစိုး
အား မြန်မာ နိုင်ရဲတပ်ဖွဲ့ မှ ခေါ် ဒဂုံ မြို့ နယ် ရဲစခန်း တွင်
ခေါ်ယူစစ်ဆေးမေးမြန်းနေသည် ဟု သတင်းရရှိသည်။

ထိုသို့ ခေါ်ယူ စစ်ဆေးမေးမြန်း ခြင်းမှာ အမှုဖွင့်တိုင်ကြား
ထားခြင်း အတွက် လုပ်ထုံးလုပ်နည်း အရလုပ်ခြင်းဖြစ်သည် ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦး ကပြောသည်။
“သူ့ ကို ပျောက်လို့ တိုင်ထားတယ် နောက် ပြန်ရောက်လာတယ်။
ဒီမှာ ကျွန်တော်တို့ အနေနဲ့ တာဝန်ရှိတာက ဥပမာ-ပြစ်မှု မြောက်တဲ့
ကျုးလွန်မှု တစ်ခု သူ ကို ကျုးလွန် ခဲ့တာ ရှိလားတို့  ဒါမှ မဟုတ် ခြိမ်း
ခြောက် ပြီး အဖြစ်မှန် ကို မပြောရဲအောင် ခြောက်လှန့် ထား
တာတွေ ရှိလား တို့ ကို ကျွန်တော်တို့ မေးရတာပါ။ ဘာဖြစ်လို့ လဲ
အခု လိုမျိုးမိန်းကလေး တွေ ပျောက်သွား တယ်နောက်
အိမ်ပြန်ရောက် လာတယ် တို့ ဆိုတဲ့ အမှု တွေ ဒီလ ပိုင်း
လောက်မှာကို ရန်ကုန်တိုင်း အတွင်းမှာ ၁၂ မှု လောက်ရှိနေတယ်။
ဒါကြောင့် ကျွန်တော်တို့ က လိုအပ်တဲ့ အရေးယူမှု
တွေ ဆက်လုပ်ရ အောင် စီစဉ် ရတာ ပါ ဟု အဆိုပါ အရာရှိ က Freedom News Group
သို့ ပြောသည်။
နန်းဆုရတီစိုးက မူ သူမ ၏ မိခင် နှင့်စိတ်ဆိုး ပြီး အိမ်ပေါ်မှ ဆင်းခြင်းဖြစ်သည် ဟု ဆိုသော်လည်း ချစ်သူ နှင့်
လက်ထပ်ပြီး ခိုးပြေးသည့် သဘောဆောင် သည် လား သို့ မဟုတ် ထို့ ထက်ပို သည်လား
ဆိုသည် ကို
ပြည်တွင်း သတင်းထောက် များက ဂျာနယ်များ တွင် ရေးခွင့် မရသော်လည်း စုံစမ်းဆဲ
ဖြစ်သည် ဟု သိရသည်။
မြန်မာ နိုင်ငံတွင်းရှိ တက်သစ်စ နာမည် ကျော်ကြားမှု မရှိသေးသော (သို့ မဟုတ်) အနုပညာအရ မအောင်မြင်
သည့် နာမည် မကြီး တကြီး သရုပ်ဆောင်များ မှာ တစ်ဦး လျှင် အကြွေး
သိန်းတစ်ထောင် ခန့် အနည်းဆုံးရှိ
သည် ဟု သိရသည်။

Monday, February 25, 2013

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက် ထွက်ပေါ်

အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။ 
 မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ညီညီထွန်းဟာ မိုးဟေကို လက်ရှိတွင်နေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ ကြေငြာခဲ့ပါတယ်။ 
ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိ သံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင် (မော်ဒယ် မိုးဟေကိုလို့ ယူဆနိုင်သူ) တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင် နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့် ၀ယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 
လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် စင်ကာပူမှာ နေထိုင်နေတဲ့ ညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင်အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြု လုပ်ပါရန် ညီညီထွန်း ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။ 
မိုးဟေကို အနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာ ရတဲ့အဖြစ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိမလဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ် ပါတယ်။ မိုးဟေကို ရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ 
ညီညီ ထွန်းဟာ တချိန်က မိုးဟေကို ရဲ့ချစ်သူဖြစ်ခဲ့သလို ပရိတ်သတ်များ အကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါ တယ်။ ညီညီထွန်းဆိုတာ လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေသူ လည်းဖြစ်ပါတယ်။

နိုင်ငံတကာကားပြပွဲ ဂျပန်ကားများ လူကြိုက်များ

မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံဝင်းအတွင်း ကျင်းပ ပြီးစီးခဲ့သော မြန်မာ့ကုန်သွယ်မှုနှင့် နိုင်ငံတကာကားပြပွဲ ၂၀၁၂ တွင် ကားပြခန်းပေါင်း ၂၀ ခန့်ပါဝင်ပြသခဲ့ပြီး ဂျပန်မှတင်သွင်းသည့် ကားအများစု ပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲကို Paing Aung Trading Co.,Ltd မှစီစဉ်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ရောင်းချခွင့် ရရှိထားသည့်ကုမ္ပဏီများမှ အသုံးပြုပြီးကားများ ၀င်ရောက်ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ကုမ္ပဏီများထံမှ မြန်မာနိုင်ငံ အတွက် တရားဝင်ကိုယ်စားလှယ်ရရှိရန် ကြိုး ပမ်းလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ကိုးမိုင်တွင် ကားအရောင်း စင်တာနှင့် ၀န်ဆောင်မှုလုပ်ငန်းလုပ် ကိုင်လျက်ရှိသည့် Oriental Apex Co Ltd (OAC) မှလည်း ပါဝင်ပြသခဲ့ပြီး ၁၉၉၈ မော်ဒယ်မှ ၂၀၀၆ မော်ဒယ် အထိ ကားအမျိုးအစားများကို တင်သွင်း ရောင်းချပေးလျက်ရှိကာ ၀ယ်လိုအား ပေါ်မူတည်၍ ၂၀၁၂ မော်ဒယ်များအထိ ပါ တင်သွင်းပေးကြောင်း ဒါရိုက်တာ ဒေါ်စုမွန်နိုင်က ပြောသည်။
၎င်းတို့ရောင်းချသည့် ဈေးနှုန်းများ အနေဖြင့် အနိမ့်ဆုံးကျပ် သိန်း ၂၅၀ ကျော် ၀န်းကျင်များဖြစ်သည့် ၂၀၀၁ ခုနှစ် မော်ဒယ် ကယ်လ်ဒီးနား၊ ၉၉ မော်ဒယ် မတ်တူး၊ ဟွန်ဒါစီအာရ်ဗီ၊ ခရောင်းတို့မှာ ဈေးအမြင့်ဆုံး ကျပ်သိန်း ၁,၀၀၀ ၀န်းကျင် ရှိကာ ၂၀၀၆ မော်ဒယ်လက် စပ်စ်၊ မာစီးဒီး များပါ ရောင်းချကြောင်း ပြောသည်။
ကားပြပွဲများသို့ ၀င်ရောက်ပြသည်မှာ ယခုအကြိမ်သည် စတုတ္ထမြောက်ဖြစ်ပြီး ပြပွဲတစ်ပွဲနှင့် တစ်ပွဲအကြားကားဈေး များ မသိမသာ ဈေးကျလာခဲ့ကြောင်း လည်း ၎င်းက ပြောသည်။
"မတ်တူးရွှေငါးကအရောင်းရဆုံးဘဲ။ နယ်ဘက်ကရော ရန်ကုန်နဲ့မန္တလေး ဘက်ကပါ လိုင်းပေါ်ကကားဆိုပြီးဝယ် ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လည်း ကားအသစ်အဆန်းတွေလည်း အများကြီး သွင်းလာကြတယ်။ ဈေး သက်သာပြီး မော်ဒယ်မြင့်တဲ့ကားတွေ လည်းရလာကြတယ်" ဟု၎င်းက ပြောသည်။
"ဧပြီ ၄ ရက်မှာလည်း ကားအစီး ၁၀၀ ရောက်ဖို့ရှိတယ်။ အဲဒီထဲက ကား ၁၀ စီး ၀ယ်သူအတွက် CIF၅,၅၀၀ တန် တစ်စီး အလကား ပေးမယ်။ တစ်စီးချင်းဝယ်သူ တွေအတွက်တော့လျှော့ပေးမယ်" ဟု ဒေါ်စုမွန်နိုင်ကပြောသည်။
ရန်ကင်း၊သုခ၀တီလမ်းတွင် ကား အရောင်းစင်တာ ဖွင့်လှစ်ထားသည့် WK ကားအရောင်းစင်တာမှလည်း ယင်းပြပွဲ တွင် ဂျပန်မှ တင်သွင်းသည့် ကားများနှင့် မတ်တူး၊ လန်ခရူဇာ၊ ပရာဒိုအစရှိသည့် ကားများနှင့် ပြိုင်ကားများကိုလည်း ပြသခဲ့သည်။
"ဒီပြပွဲမှာ ပုံမှန်ယူနေကျ ၀န်ဆောင်ခ နှုန်းထက် ငါးရာခိုင်နှုန်း လျှော့ပေးထားတယ်"ဟု ၎င်းက ပြောသည်။
၎င်းပြင် ကားရောင်းချမည့်ကုမ္ပဏီ များအား နှစ်နှစ်အတွင်းတင်သွင်းမှု အစီး ရေ ၂၅၀ ထက်ပိုမိုတင်သွင်းခြင်း မပြုရန် သက်ဆိုင်ရာမှ လွန်ခဲ့သော နှစ်ပတ်ခန့်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
"အရင်တုန်းက အစီးရေ ၄၀၀ လောက် အထိ တင်သွင်းခွင့်ပြုတာမျိုး တွေရှိ တယ်။ တချို့ကလည်း အစီး ၇၀၀ လောက် အထိ တင်ပို့ ခွင့်တောင်းတာတွေလည်း ရှိတယ်" ဟု ၎င်းကပြောသည်။
မော်တော်ကားဝယ်ယူလိုသူများ အနေဖြင့် ကားအရောင်းအ၀ယ်အား အရောင်းစင်တာဖွင့်ခွင့်ရရှိထားသည့် ကုမ္ပဏီများအပြင် ရန်ကုန်ရှိဟံသာဝတီ ကားပွဲစားတန်းတွင်လည်း ၀ယ်ယူ နိုင်ပြီး မိမိစိတ်ကြိုက်ဈေးဖြင့် ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြင့် လွတ်လပ်စွာရောင်းဝယ်လျက်ရှိသည်။
"ကားပွဲစားတန်းမှာဝယ်တာက အာမခံ မှုအပိုင်းကျတော့ နည်းနည်းကွာတယ်။ ကားအခြေအနေပေါ်လိုက်ပြီး လိမ်တာ တို့၊ ပိုက်ဆံ လိမ်တာတို့ဆိုတဲ့ ပြဿနာ တွေ ခဏခဏကြုံရတယ်"ဟု ပြော သည်။
သို့သော် ကားပွဲစားတန်းရှိ ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းစိုးက ကားကုမ္ပဏီမှ တင်သွင်းရောင်းချသူများကလည်း ကား အကောင်း နှင့်အဆိုးများအား ရောပြီး ရောင်းချတတ်သလို ပွဲစားတန်းတွင်လည်း အလားတူဖြစ်ရပ်မျိုး ရှိတတ် ကြောင်းပြောသည်။
"အကောင်းဆုံးက ကားအကြောင်း နားလည်တတ်ကျွမ်းသူရဲ့ အကူအညီကို ယူပြီး ကားဝယ်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။

Sunday, February 24, 2013

အင်တာနက် စာမျက်နှာများပေါ်တွင် ပံျ့နှံ့လျက်ရှိသည့် ၀ိုင်းစုခိုင်သိန်း မင်္ဂလာသတင်းမှာ မဟုတ်ကြောင်းပြောကြား


Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် နည်းများ


၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။
...
Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

၂။ Call Log များကို ရှင်းလင်းပေးပါ။

Android Phone အနိမ့်ပိုင်းး Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ Call Log တွေ များလာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး၊ ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ် Call Log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။

၃။ အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။

Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Blue tooth တို့ကို အချိန်တော်တော်များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုပ်ထွေးနေမှာ ဖြစ်သလို၊ အဆိုပါ Process တွေ အတွက်လည်း Battery သုံးစွဲမှု ပမာဏမြင့်တက်စေပါတယ်။

၎။ Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။

တချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်မှု ပမာဏမြင့်မားတဲ့ Device တွေအ တွက် ပြဿာနာ မရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ် ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿာ နာရပ် တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။

Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်း တစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ် ဆိုရင် Web Browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။

၆။ Device များကို Reboot ပြုလုပ်ပေးပါ။

တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ ရှိပါတယ်။ အချို့သော Process များနဲ့ Installation များအတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြု လုပ်ပေးသင့်ပါတယ်။

၇။ Launcher ကိုတစ်ခုထက် ပိုမိုမသုံးစွဲသင့်ပါ။

Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ Home နဲ့ Launcher တွေဟာ အဆင်မသင့်ခဲ့ဘူးဆိုရင်တော့ Display ကို ပြဿာနာ ဖြစ်စေနိုင်တဲ့ အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။

၈။ Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။

Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Superuser ကို အသုံး မလိုရင် ပိတ်ထားသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက် တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမို လေးလံစေပြီး System ထဲကိုလည်း ဝင်ရောက် ပြင်ဆင်နိုင်တဲ့ အတွက် အသုံးမပြုလိုတဲ့ အချိန်တွေမှာ ပိတ်ထား သင့် ပါတယ်။

၉။ Auto-Sync ကို ပိတ်ထားပါ။

Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲ ဖြစ်ဖြစ်၊ EVDO နဲ့ EDGE အသုံးပြုတဲ့ အချိန်မှာပဲဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ Auto-Sync ကို ပိတ်ထားခြင်းဖြင့် Battery အသုံးပြုနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကို သက်သာစေနိုင်သလို၊ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

၁၀။ Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။

Android Version အသစ်တွေ များစွာဟာ သတ်မှတ် Hardware တွေ အလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာ သတ်မှတ် Version အလိုက်သာ ထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။


 မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ဝယ်ထားတဲ့ Android ဖုန်းလေး ရေရှည်ကောင်းမွန်ပါစေ

ဘယ် Huawei မဆို အမြစ်မတူးဘဲ မြန်မာဖောင့်လေးထည့်ကြည့်မယ်

CWM လေး တင်ရရုံ မြန်မာ font ထည့် လိုရပါတယ် ။ သက်ဆိုင်ရာ CWM  ကတောကိုယ်ဘာသာရှာတောဗျာ :-D   ကျနော်တွေ့ ဘူး သလောက် ဘယ် Huawei တွေမှာမဆို CWM    တင်လို့ရရင်   မြန်မာဖောင့်တည့်
လွယ်ကူပါတယ် :P   လိုအပ်တဲ့ font ကိုဒေါင်းရအောင်
 ဒီမှာဒေါင်းပါ
SD Card ထဲကို HWMMFont.zip လေးကို အရင်ထည့်ထားပါ


  • Choose Zip From SD
  • SD ထဲမှာထဲ့ထားတဲ့ HWMMFont.zip ကို Install လုပ်လိုက်ပါ
  • ဖုန်းကို Reboot ချလိုက်ပါ….. ဖုန်းပြန်တက်လာပြီးဆိုရင်တော မြန်မာစာ font ကို မြင်ရပါမယ်  :lol: